မိသားစုများအတွက် အာဟာရပြည့်ဝပြီး သံဓာတ်ကြွယ်ဝသော အစားအစာချက်ပြုတ်နည်းများ

ကလေးများတွင် သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်သော သွေးအားနည်းရောဂါ

Clarkston ရှိ ဆေးခန်းတစ်ခုမှ ဆရာဝန်များသည် ကျန်းမာရေးစစ်ဆေးမှုခံယူသော ကလေးများစွာတွင် သံဓာတ်ချို့တဲ့မှုရှိနေကြောင်း တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် သံဓာတ်ကြွယ်ဝသော အစားအစာများဖြင့် ပြုလုပ်ထားသည့် ချက်ပြုတ်နည်းများကို သင်သိရှိအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဤချက်ပြုတ်နည်းစာအုပ်ကို ဖန်တီးထားခြင်း ဖြစ်ပါသည်။

သံဓာတ်က ဘာကြောင့် အရေးကြီးတာလဲ

သံဓာတ်သည် သင့်သွေးထဲတွင် ရှိပါသည်။ ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးနေချိန်နှင့် မိခင်များ ကိုယ်ဝန်ဆောင်နေချိန်တွင် သံဓာတ်ပိုမိုပါဝင်သော အစားအစာများကို စားသုံးခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးပါသည်။ သံဓာတ်သည် ကလေးများ ကျန်းမာသန်စွမ်းစွာ ကြီးထွားလာရန်၊ ဖျားနာမှုများကို ခုခံနိုင်ရန်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါသည်။ အသက် ၅ နှစ်အောက် ကလေးများသည် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေရှိသောကြောင့် နေ့စဉ်စားသုံးသော အစားအစာများတွင် သံဓာတ်ကြွယ်ဝသော အစားအစာများကို ထည့်သွင်းပေးရန် အရေးကြီးပါသည်။